ဒီနေ့လေးကို ကိုယ့် Blog လေး စတဲ့ အမှတ်တရနေ့လေးအဖြစ် အမှတ်တရရှိနေမှာပါ.. အရင်ကတော့ ကိုယ့်မှာ Blog လေးတွေ စပြီး ရေးခဲ့ဖူးတယ်.. ဟိုအကြောင်း ဒီအကြောင်း သေချာ ရေရာ မရှိလှပါဘူး.. ဆက်ရေးဖို့ စိတ်ဝင်တစားလဲမရှိတာနဲ့ ဆက်မလုပ်ဖြစ်ခဲ့ဘူး.. ဒီတခါတော့ ဒီ Blog လေးကို ဆက်ပြီး အမြဲ ရေးနေနိုင်မယ်လို့ မျှော်လင့်ရတာပါပဲ..
ဒီ Blogရဲ့ ပထမဆုံး post အနေနဲ့ ဘယ်အကြောင်းနဲ့ စရေးရမလဲ ဆိုတာ စဉ်းစားကြည့်တော့.. လူတိုင်းအတွက်.. အချစ်ဆုံးက ဘယ်သူလဲ ဆိုတော့ ကိုယ့်ကိုယ်တိုင်ပဲပေါ့နော်.. အဲတော့ ကိုယ့်အကြောင်းကို ဒီ ပထမဆုံး Post အနေနဲ့ ကိုယ် ရေးမယ်လို့ စဉ်းစားလိုက်တယ်...
![]() |
| ချင်းတွင်းမြစ် |

ကိုယ်က. တကယ်တော့ အိမ်နဲ့ အဝေးကြီးမှာ အမြဲလိုလို နေနေရတဲ့ သာမန် မိန်းကလေး တဦးပါ.. အိမ်ကနေ အဝေးကြီးမှာ နေနေရတာ နှစ်တွေလဲ ကြာခဲ့ပြီပေါ့.. ကိုယ့်ကို မွေးတာ မြန်မာပြည်ရဲ့ အထင်ကရ မြို့လေး တမြို့ ဖြစ်တဲ့ မုံရွာမြို့မှာပါ..
မုံရွာမြို့ဆိုတာက မြန်မာပြည်ရဲ့ ဒုတိယမြို့တော် မန္တလေးမြို့ရဲ့ ၃နာရီခရီးပါ (ဘက်စ်ကားနဲ့ အကွာအဝေးပေါ့လေ) အရင်က နယ်မြို့လေးတမြို့ ဖြစ်ပြီး တောမကျ မြို့မကျ ပုံစံမျိုးပေါ့.. ခုတော့ တော်တော်ကို ဖွံ့ဖြိုးနေပါပြီ.. ဒါပေမဲ့.. ကိုယ့်ကတော့ မပြန်ဖြစ်တာ တော်တော်ကြာနေပြီပေါ့လေ.. ပြန်ဖို့ အခြေအနေပေးတဲ့ တနေ့တော့ ကိုယ့်မုံရွာမြို့လေးကို ကိုယ် အပြေးလေး အရောက် သွားပြီး မြို့လေးရဲ့ ဖွံ့ဖြိုးမှုကို မှတ်တမ်းတင်ရဦးမယ်..
အင်း ကိုယ့် အကြောင်းကို ပြောရရင် ကိုယ့်ရဲ့ ငယ်ဘ၀ကို ချန်ထားလို့ မရပေဘူး.. ကိုယ့် ငယ်ဘ၀က တော်တော်ကို ပျော်စရာကောင်းခဲ့တယ်.. အဲဒီ ဘ၀ကို ခုပြန်တွေးကြည့်တော့.. တကယ့် နတ်ဘုံ နတ်နန်းပါပဲ.. ကိုယ် တကယ် လွမ်းမိတယ်.. အဲဒီ အချိန်တုန်းက ကိုယ်က ကံကောင်းစွာ ကိုယ့် တမျိုးလုံးမှာ ကိုယ်က အငယ်ဆုံး ကလေးတစ်ယောက်ပေါ့..
အဘိုး အဘွားတွေနဲ့ကလဲ အတူတူ နေကြတာ ဆိုတော့.. ကိုယ်ဟာ တကယ့်ကို အခွင့်အရေးပေး ခံရတဲ့ ကလေးဆိုးတယောက်ပါပဲ..
ဘယ်လောက်ပဲ အခွင့်အရေးတွေ ရရပါ.. ကိုယ့် မိဘတွေရယ်.. ကိုယ့် အဒေါ် အတူနေ အပျိုကြီးရယ်... ကြီးကြပ် ထိန်းသိမ်းမှုတွေ အောက်မှာ.. ကိုယ်က.. စာကို အမြဲ အာရုံစိုက် စာကြိုးစားတဲ့ ကျောင်းသူကြီးပေါ့လေ.. ဒါကြောင့်မို့လဲ.. ကိုယ့် ကျောင်းတိုင်းမှာ မူလတိုင်းကနေ အထက်တန်းထိ.. ကိုယ် နှစ်စဉ် နီးပါး ဆုယူရလေ့ရှိတယ်..
ကိုယ့်တို့ မြန်မာပြည်က လူတော်တော်များများက.. စာလေး နည်းနည်း လိုက်နိုင်လာရင်.. ကြီးရင် ဆရာဝန်လုပ်မယ် ဆိုတဲ့ အတွေးအခေါ် လူတိုင်းမှာ ရှိလာတတ်ကြတာ.. အဲလိုပါပဲ.. ကိုယ်ကလဲ. ငယ်တုန်းက ဆရာဝန်လုပ်မယ် ဆိုတဲ့ စိတ်ကူးလေး နဲ့ပေါ့.. ဒါပေမဲ့.. ကိုယ် ကံကောင်းသလား ကံဆိုးသလား ဘယ်လို ပြောရမလဲ မသိဘူး.. (ခုကျ ကိုယ်က ဆရာဝန် မဖြစ်ရတာကို ၀မ်းသာနေတာ ဆိုတော့လေ.. ) ကိုယ့် ၁၀ တန်း အောင်မှတ်က ဆေးလိုင်းကို မမှီတော့ ကိုယ် ကွန်ပျူတာ တက္ကသိုယ်ကိုပဲ ၀င်ခွင့်ရတယ်.. ခုတော့ ကျောင်းလဲ ပြီး ဘွဲ့တွေလဲရ.. ကွန်ပျူတာနဲ့ပဲ ကိုယ် အလုပ်လုပ်နေတာပါ...
ဘာတွေပဲ ဖြစ်ဖြစ်ပါ.. ကိုယ်ကတော့ ကိုယ့်လက်ရှိ ဘ၀လေးမှာ ကိုယ့် ပျော်တယ်.. ကိုယ် နေ့စဉ် လုပ်ကိုင်နေရတာလေးတွေကို ကို်ယ် နှစ်ခြိုက်တယ်..
ဒီနေ့အဖို့.. ဒီလောက်နဲ့ပဲ ရပ်နားပါရစေနော် နောက်မှ ကိုယ်ရောက်တတ်ရာရာလေး တွေကို ရေးသားပါဦးမယ်...


မျှော်နေမယ် ဆက်ရေးနော်.. :D
ReplyDelete